နေပြည်တော် ဇန်နဝါရီ ၅
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများအသီးသီး ပေးပို့ကြပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် အဆွေတော်ကျန်းမာရွှင်လန်းခြင်းနှင့် ပြည့်စုံပြီးရင်းနှီးဖော်ရွေသော မြန်မာပြည်သူပြည်သားများအားလုံး ပိုမိုတိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
နှစ်နိုင်ငံပြည်သူများအကျိုးစီးပွားအတွက် ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးအား ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် အတူတကွလက်တွဲဆောင်ရွက်သွားရန် မိမိတို့၏ စိတ်အားထက်သန်မှုကို ထပ်လောင်း အတည်ပြုပြောကြားလိုပါသည်။