Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မြေသယ်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၃၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၉ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စု အူဗျစ်ကျေးရွာအနီး၌ တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် မြေသယ်ယာဉ် ၁၁ စီး၊ မီးခံသေတ္တာနှစ်လုံး အပါအဝင် ဆက်စပ်ပစ္စည်းငါးမျိုး (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၈၀၀၉၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သစ်တောဥပဒေနှင့်အညီအရေးယူ

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၃၀ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၂၉ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၁၄၀၀) ကို လည်းကောင်း၊ ဒီဇင်ဘာ ၃၁ ရက်တွင် ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၈၁၅ တန်နှင့် အခြားသစ် ၀ ဒသမ ၃၉၇ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၅၂၆၂၀) ကို လည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၄၀၂၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဖမ်းဆီးရမိမှု

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂၉ ရက်၊ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲသုံးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၉၂၅၃၀၂၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်