Skip to main content

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များ ပေးအပ်ရန် အသိပေးကြေညာချက်

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ်  သို့မဟုတ် ၅ စောင်ကို  ပြန်ကြားရေးဝန်ကြီးဌာနသို့  အဖိုးအခလွတ် ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါ စာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့်စာအုပ် စာရင်း ၂ အုပ်၊  အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသို့   ၂  အုပ်နှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ထုတ်ဝေသူသည် မိမိထုတ်ဝေသော ထုတ်ဝေစာ  ၅ အုပ် သို့မဟုတ် ၅ စောင်ကို  ဖြန့်ချိသည့်နေ့မှစ၍  ၁၄  ရက်အတွင်း ပုံစံ (၁၁) ဖြင့်   ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့  ပေးပို့အပ်နှံရမည်ဖြစ်ပါ သည်။ ယခုအခါ အောက်ဖော်ပြပါထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့  ပေးပို့အပ်နှံရန်  ပျက်ကွက်လျက်ရှိပါသဖြင့် အမြန်ဆုံးပေးအပ်နိုင်ပါရန်  အသိပေးကြေညာအပ်ပါသည်-