Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ပြည်သူ့စစ်ထဲသို့ မဝင်သူများကို တစ်အိမ်ထောင်လျှင် ကျပ်သုံးသောင်းပေးနေရကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာ မျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာလ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ရှိ ဒေသခံများအနေဖြင့် ပြည်သူ့စစ်ထဲသို့ ဝင်ရောက်ကြရန်၊ မဝင်ရောက်လိုသူများအနေဖြင့် ပြည်သူ့စစ်များအတွက်စရိတ်ဟုဆိုကာ တစ်အိမ်ထောင်လျှင် ကျပ်သုံးသောင်းပေးနေရကြောင်း၊ ပြည့်သူစစ်ထဲသို့ ဝင်ရောက်မည်ဆိုပါက တစ်လလျှင် ကျပ်သိန်း ၃၀ နှင့် မိသားစုအတွက်ပါ ထောက်ပံ့ပေးမည်ဟု စည်းရုံးမှုများရှိနေကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုနှင့် မြေပြင်စုံစမ်းတွေ့ရှိချက်များအရ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များက ဒေသခံပြည်သူများအား ပြည်သူ့စစ်တပ်ဖွဲ့သို့ ဝင်ရောက်ရန်စည်းရုံးခြင်းနှင့် ငွေကြေးကောက်ခံမှုများမရှိကြောင်း သိရှိရပြီး ၎င်းသတင်းမှာ ဝါဒဖြန့်သတင်းအမှားတစ်ခုဖြစ်သည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို အခွင့်ကောင်းယူ၍ မြို့၊ ရွာများတွင် နေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ လူသတ်၊ မိုင်းခွဲခြင်းနှင့် ငွေကြေးတောင်းခံမှုများကို လုပ်ဆောင်နေခြင်းကြောင့် ဒေသခံပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့များနှင့် အတူလက်တွဲ၍ အကြမ်းဖက်သောင်းကျန်းသူများကို ခုခံတိုက်ခိုက်လျက်ရှိကြောင်း သတင်းရရှိပါသည်။