Skip to main content

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းပိုင် ငွေကျပ် ၁၇ သိန်းနဲ့ ဖုန်းတစ်လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓမ္မလာယူသွားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာလ ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာအုပ်စုရှိ လင်းရောင်ခြည်ဘုန်းကြီး ကျောင်းကို ဒီဇင်ဘာ ၂၆ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက်ပြီး ကျောင်းပိုင်ငွေကျပ် ၁၇ သိန်းနဲ့ ဖုန်းတစ်လုံးအပါအဝင် စားသောက်စရာအချို့ကို အဓမ္မယူဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာအုပ်စုရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို ဒီဇင်ဘာ ၂၆ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားပြီး ဒေသခံပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား အထင်အမြင်လွဲမှားစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။