နေပြည်တော် ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် အထောင်တိုက်နယ်ကျေးရွာအုပ်စု ကျွဲခြံဒေါင့်ကျေးရွာလမ်းဖွင့်ပွဲကိုလာမည့် ဇန်နဝါရီလ ၂ ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်မည်ဖြစ်ကာ လမ်းဖွင့်ပွဲအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသခံများထံ တစ်အိမ်ထောင်လျှင် ၁ သိန်းနှုန်း ကောက်ခံလျက်ရှိပြီး ငွေမပေးနိုင်သူများအနေဖြင့် လုပ်အားပေးရန် အတင်းအကျပ် စေခိုင်းခံရကြောင်း မဟုတ်မမှန်သတင်းများကို အကြမ်းဖက်အားပေးမီဒီယာတစ်ခုဖြစ်သည့် Ayeyarwaddy Times မှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ “လမ်းဖွင့်ပွဲအတွက် ဒေသခံပြည်သူများထံ ငွေကောက်ခံခြင်းနှင့် လုပ်အားပေးခိုင်းစေခြင်းများ မရှိကြောင်း” သိရှိရသည်။
တရားမဝင်ပြည်ဖျက် အကြမ်းဖက်အားပေးမီဒီယာများသည် အခြေအမြစ်မရှိသည့် သတင်းတု၊ သတင်းမှားမျာကို လုပ်ကြံရေးသား၍ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ဒေသခံပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံသတင်းတု၊ သတင်းမှားများကို လှုမှုကွန်ရက်စာမျက်နှာများတွင် ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။