ဗန်းမော် ဒီဇင်ဘာ ၂၈
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မြောက်ပိုင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် မန်စီမြို့နယ် ကုန်းတိမ်ကျေးရွာတွင် စက်ရုံတည်နေရာထား၍ ရော်ဘာပြားများ ထုတ်လုပ်လျက်ရှိသည်။
ရော်ဘာစေးများအား ကုန်းတိမ်ကျေးရွာနှင့် အနီးအနားကျေးရွာများရှိ ရော်ဘာစိုက်ပျိုးသူများထံမှ ဝယ်ယူပြီး ဖော်မင်းအက်စစ်နှင့် ရော်ဘာစေးများအား အချိုးကျရော၍ ခဲထားခြင်း၊ ကြိတ်ခြင်းများ ပြုလုပ်သည်။ ထို့နောက် ကြိတ်ပြီးသော ရော်ဘာပြားများအား သုံးရက်နေလှန်းပြီး လေးရက်မှိုင်းခံခြင်းများ ဆောင်ရွက်ရာ တစ်ရက်လျှင် ရော်ဘာပေါင် ၂၂၀ မှ ၂၃၅ ကြားနှုန်းဖြင့် တစ်လလျှင် ပေါင် ၆၅၀၀ မှ ပေါင် ၇၀၀၀ ကြားထုတ်လုပ်နိုင်ပြီး တစ်ထုပ်လျှင် ပေါင် ၁၁၀ နှုန်းဖြင့် ၆၅ ထုပ်မှ ၇၀ ထုပ်ကြားရရှိသည်။ ထွက်ရှိလာသော ရော်ဘာပြားများအား ပြည်တွင်းသာမက ပြည်ပအထိ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်