Skip to main content

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများသို့ သွားရောက်၍ ဆွေးနွေးပွဲတက်ရောက်ခဲ့သူများ၏ အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၈

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ သွားရောက်၍ ဆွေးနွေးပွဲများ တက်ရောက်ခဲ့သူများ၏ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

တက်ရောက်

ရှင်းလင်းပွဲသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။

ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ပနိုင်ငံများသို့ သွားရောက်ရန် ရွေးချယ်စေလွှတ်ခြင်း ခံရပါက နိုင်ငံတကာနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ရန်အတွက် မိမိတို့၏ အရည်အချင်း၊ အရည်အသွေးများကို အမြဲမပြတ် မြှင့်တင်ဖြည့်ဆည်းပြင်ဆင်ထားကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့အကျိုး၊ ဌာနအကျိုးနှင့် ပြည်သူလူထုအကျိုးကို ဆတက်ထမ်းပိုး ကြိုးပမ်းတာဝန်ထမ်း ဆောင်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတို့ကို သိရှိလေ့လာထားရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ပြည်ပနိုင်ငံများသို့ သွားရောက်၍ ဆွေးနွေးပွဲများ တက်ရောက်ခဲ့သူများက တရုတ် ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်မှ ၃၁ ရက်အထိ ကျင်းပသည့် နယ်စပ်ဖြတ်ကျော်စက်မှုလုပ်ငန်းများ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းကျိုးမြို့၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ကျင်းပသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လက်ဖက်ယဉ်ကျေးမှုနှင့် လက်ဖက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဆွေးနွေးပွဲသို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နင်ဘိုမြို့၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂ ရက်မှ ၁၅ ရက်အထိ ကျင်းပသည့် သက်မွေးပညာရပ် စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးပွဲသို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍လည်းကောင်း အတွေ့အကြုံများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများနှင့် အပြန်အလှန်မေးမြန်းဖြေကြားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်