နေပြည်တော် ဒီဇင်ဘာ ၂၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လက်ပံလှ-စဉ့်ကူးယာယီစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စက်သုံးဆီဓာတ်ဆီ 92 ဂါလန် ၁၉၂၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၇၅၆၇၇၇)နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၇၅၆၇၇၇ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သစ်တောဥပဒေနှင့်အညီ အရေးယူ
ထို့အတူ ဒီဇင်ဘာ ၂၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင် ကြံခင်းမြို့နယ်၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၁၉၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈၉၆၀၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဖမ်းဆီးရမိခဲ့
ထို့ပြင် ဒီဇင်ဘာ ၂၇ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် ဘားအံစက်မှုဇုန်အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lipovitan–D အချိုရည်ပုလင်း ၁၀၀၀၀၊ ပုစွန်တစ်ကောင်စားအုန်း ဆီ ၁၈ လီတာပါပုံး ၁၀၀၊ Wai Wai ကြာဆံထုပ် ၃၉၀၀၊ 108 Detergent ဆပ်ပြာမှုန့်ထုပ် ၃၂၀၊ ဘောင်းဘီရှည်အထည် ၂၈၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၆၄၀၀၀၀) နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Mit-subishi Canter တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၆၄၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အရေးယူဆောင်ရွက်
ထို့အတူ ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် (၁၀၆) ရပ်ကွက်၌ တရားမဝင် စက်သုံးဆီဓာတ်ဆီ ၁၀ ဂါလန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
ထို့အတူ ဒီဇင်ဘာ ၂၇ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ တရားမဝင် ရေနံစိမ်း ၁၁ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀)ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေအရလည်းကောင်း၊ မကွေးခရိုင် မကွေးမြို့နယ်၌ လိုင်စင်မဲ့ Honda CBR မော်တော်ဆိုင်ကယ်တစ်စီး (ခန့် မှန်းတန်ဖိုးငွေကျပ် ၂၃၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၅၅၀၀၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဒီဇင်ဘာ ၂၇ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၈၅၄ တန်နှင့် အခြားသစ် ၁ ဒသမ ၇၂၄ တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆၅၃၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂၆ ရက် နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၅၅၂၁၇၂၁) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်