Skip to main content

ဘဝနတ်ထံပျံလွန်တော်မူ

မွန်ပြည်နယ်၊ သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ ဓမ္မမေဒနီစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တဉာဏောသူရိယာ ဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) သက်တော် (၉၃) နှစ်၊ သိက္ခာ (၇၃) ဝါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၅ ခုနှစ် နတ်တော်လပြည့် (၂၇-၁၂-၂၀၂၃) ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၀၂:၄၅ နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်းနှင့် ၁၃၈၅ ခုနှစ် နတ်တော်လကွယ် (၁၀-၁-၂၀၂၄) နေ့တွင် အန္တိမစျာပနအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

 သတင်းစဉ်