Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၂၈

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

၃၀ -၁၂ - ၂၀၂၃ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၅၂) တွင် ကိုယ်တိုင် အပင်ပန်းခံပြီး တန်ဖိုးထားစိုက်ပျိုး၍ ရရှိလာသည့် အသီးအနှံများကို မခူးရက်ဘဲ နှမြောစိတ်ဝင်နေမိသော ပုပုတို့သူငယ်ချင်းတစ်စုအကြောင်း တင်ဆက်ထားသည့် ‘‘ပုပုပါဝင်သည့် ကိုယ်ချင်းစာစိတ်’’ မျက်နှာဖုံးကာတွန်း၊ ကျန်းမာသက်ရှည်စွာနေနိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်အပ်သော ကျန်းမာရေးဗဟုသုတများကို တင်ဆက်ထားသည့် “အသက်ရှည် ကျန်းမာချင်ပါသလား” သုတဆောင်းပါးကဏ္ဍ၊ ကလေးတို့ ကိုယ်တိုင်ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ စစ်သားလေး၏ မိမိတိုင်းပြည်အပေါ် ထားရှိသည့် မျိုးချစ်စိတ်ဓာတ်ကြောင့် စစ်သူကြီးမှာ ပီတိဖြစ်ရပုံ အကြောင်း ရေးဖွဲ့ထားသည့် “အမေပြောသော ပုံပြင်များ- မျိုးချစ်စစ်သည်လေး” နှစ်မျက်နှာကာတွန်း၊ လယ်သမားကြီး၏ အကူအညီဖြင့် အရုပ်ကမ္ဘာထဲတွင် သူ၏ ကြက်ပေါက်လေးများနှင့်အတူ ပျော်ရွှင်စွာ နေထိုင်ခွင့်ရခဲ့သော ကြက်လေးချန်ဂီအကြောင်း တင်ဆက်ထားသည့် “အလွန်သေးငယ်သော ကြက်လေးချန်ဂီ” ပုံပြင်ကဏ္ဍ၊ ပုချိုပြောသည့် ချမ်းသာခြင်း အစစ်အမှန်အကြောင်း ရေးဖွဲ့ထားသည့် “ချမ်းသာခြင်း” တစ်မျက်နှာကာတွန်း၊ မြန်မာတို့သည် နယ်ချဲ့တို့လက်မှ အရယူနိုင်ခဲ့သော နိုင်ငံတော်၏ လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရန် ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် ဆရာတက္ကသိုလ်ဆန်းတင့်နိုင်၏ “လွတ်လပ်ရေးနေ့” ကဗျာကဏ္ဍ အပါအဝင် ဉာဏ်စမ်းကဏ္ဍနှင့် အင်္ဂလိပ်သဒ္ဒါကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်