Skip to main content

မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ် မိုင်းဆတ်မြို့နေ အဲလေနှင့် နန်းမွေကျောက်တို့က တာချီလိတ်မြို့နယ်နေ မ----၊ ၂၈/၂၃ နှစ်အား တရုတ်ဇနီးမယား ပြုလုပ်ပါက ငွေကြေးအမြောက်အမြားရရှိမည်ဟု လိမ်လည်စည်းရုံးပြောဆိုခေါ်ဆောင်ကာ တရုတ်နိုင်ငံဘက်သို့ ယွမ်သုံးသောင်းဖြင့် ပို့ဆောင်ရောင်းစားခဲ့သဖြင့် တာလေမြို့မရဲစခန်း (ပ) ၄/၂၀၂၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်၍ တာချီလိတ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၆ ရက်တွင် တရားခံ အဲလေနှင့် နန်းမွေကျောက်တို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ်နှစ် ၂၀ စီ အသီးသီးကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်