Skip to main content

ရေလုပ်ငန်းသို့ ပို့ဆောင်၍ လုပ်အားခများ ခေါင်းပုံဖြတ်ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်နေ ဌေးလင်းနှင့် လေးမျက်နှာမြို့နယ်နေ လှသက်ချို (ခ) ချိုကြီးတို့က လေးမျက်နှာမြို့နယ်နေ ကို --- ၊ ၂၇/၁၉ နှစ်နှင့် ကို---၊ ၂၂/၁၉နှစ် တို့အား ရေလုပ်ငန်းလုပ်ကိုင်ပါက လုပ်အားခကြိုတင်ငွေ တစ်ဦးလျှင် ခုနစ်သိန်းကျပ်ရမည်ဟု ပြောဆိုစည်းရုံးပြီး လုပ်အားခများအား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် လေးမျက်နှာမြို့မရဲစခန်း (ပ) ၅၃၃/ ၂၀၁၈၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဟင်္သာတခရိုင်တရားရုံးမှ ၂၀၂၀ ပြည့်နှစ်၊ မေ ၅ ရက်တွင် တရားခံဌေးလင်းအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅/၃၂ အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့ပြီး တရားခံပြေး လှသက်ချို (ခ) ချိုကြီးအား ၅-၁၀-၂၃ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးရမိသဖြင့် တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၂ ရက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅/၃၂ အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်