Skip to main content

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ငါးတန့်အိုင်ကျေးရွာမှ ဒေသခံရွာသူ၊ ရွာသား ၈၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ငါးတန့်အိုင်ကျေးရွာသို့ ဒီဇင်ဘာ၂၇ ရက် နံနက် ၉ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိခဲ့ပြီး ဒေသခံရွာသူ၊ ရွာသား ၈၃ ဦးကို ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သပိတ်ကျင်းမြို့နယ် ငါးတန့်အိုင်ကျေးရွာအနီးတွင် အကြမ်းဖက်သမားများက ဒေသခံပြည်သူများထံမှ ငွေကြေး၊ ပစ္စည်းများလုယက်ယူဆောင်ခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသဖြင့် တပ်မတော်မှ နယ်မြေလုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိပြီး ရွာသူ၊ ရွာသားများအား ဖမ်းဆီးခြင်းမရှိကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ပေးလျက်ရှိပြီး ပြည်သူများ ကြောက်ရွံ့ထိတ်လန့်လာစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် သတင်းတု၊ သတင်းမှားများကို လုပ်ကြံဖန်တီးရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။

သတင်းစဉ်