Skip to main content

မြစ်ကြီးနားမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၂၈

တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်လှည့်ဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၇ ရက်နှင့် ယနေ့တို့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော် ၄၁ ပါးတို့ကို အဆိုပါမြို့ရှိ အံတော်ရှင်တောင်တန်းသာသနာပြု (ဗဟို) ကျောင်းတိုက်၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြင်ဦးလွင်တပ်နယ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁၀) နှင့် ပတ်ဝန်းကျင်ရပ်ကွက်များမှ သံဃာတော် ၆၂ ပါး၊ သာသနာ့ နွယ်ဝင်သီလရှင် ၅၁ ပါးနှင့် ဒေသခံပြည်သူ ၃၂ ဦးတို့ကို အဆိုပါရပ်ကွက်ကြီးရှိ ရွှေစေတီရိပ်သာခွဲ၊ ဇယန်း၊ နမ့်ဆမ်၊ သာသနာ့ရက္ခိတသီလရှင်စာသင်တိုက်၌လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးအဖွဲ့များက ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးသွေးကြောရောဂါ စမ်းသပ်စစ်ဆေးခြင်း၊ တီဗွီဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေခြင်း၊ ဆီးချို/သွေးချို စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောလူနာများကို နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်