Skip to main content

မွန်ပြည်နယ် သထုံမြို့နယ် ကျုံမှိန်ကျေးရွာသို့ တပ်မတော်မှလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၂၀

မွန်ပြည်နယ် သထုံမြို့နယ်ရှိ နယ်မြေခံတပ်မှ ဒီဇင်ဘာ ၁၉ ရက်ညပိုင်းက လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်သော ကျေးရွာများသို့ ပစ်ခတ်ခဲ့မှုကြောင့် ကျုံမှိန်ကျေးရွာသို့ကျရောက်ပြီး အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေလုံခြုံရေး တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံများ၏ ပြောကြားချက်များအရ ဒီဇင်ဘာ ၁၉ ရက်တွင် တပ်မတော်မှ မည်သည့်ပစ်ခတ်မှုမှမရှိခဲ့ဘဲ အကြမ်း ဖက်သောင်းကျန်းသူများက လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့ကြောင်း သိရှိရသည်။

တပ်မတော်အနေဖြင့် ပြည်သူများနေထိုင်သော ကျေးရွာများသို့ မည်သည့်အခါမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က တပ်မတော်သားများနှင့် ဒေသခံ တိုင်းရင်းသားများအကြား အထင်အမြင်လွှဲမှားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်