ရန်ကုန် ဒီဇင်ဘာ ၁၉
နိုင်ငံခြားရေး၀န်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှုးချုပ် ဦးဇော်ဖြိုး၀င်းသည် ကူဝိတ်နိုင်ငံ၏အကြီးအကဲ (ဘုရင်) His Highness Sheikh Nawaf al-Ahmad al-Jaber al-Sabah ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်က ကွယ်လွန်သွားခြင်းအတွက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း၊ အမှတ် ၆၂/ဘီရှိ မြန်မာနိုင်ငံဆိုင်ရာကူဝိတ်နိုင်ငံသံရုံးတွင် ဖွင့်လှစ်ထားရှိသော ၀မ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ယနေ့နံနက် ၁၁ နာရီတွင် သွားရောက်လက်မှတ်ရေးထိုးသည်။
သတင်းစဉ်
