Skip to main content

ရာဇဝတ်အထူးအယူခံမှု ခုနစ်မှုနှင့် တရားမအထူးအယူခံမှု ခြောက်မှုတို့ကို စီရင်ချက်ချမှတ်တရားမအထူးအယူခံမှု ငါးမှုတို့ကို ရုံးထိုင်ကြားနာ

နေပြည်တော်   ဒီဇင်ဘာ   ၁၈

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁) ၌ ရုံးထိုင်၍ ရာဇဝတ် အထူးအယူခံမှုအမှတ် ၁/၂၀၂၃ (ရန်ကုန်)၊ ၂/၂၀၂၃ (မန္တလေး)၊ ၃/၂၀၂၃ (ကချင်)၊ ၄/၂၀၂၃ (ကချင်)၊ ၅/၂၀၂၃ (ကချင်)၊ ၆/၂၀၂၃ (ရခိုင်)နှင့် ၇/၂၀၂၃ (ရန်ကုန်)၊ တရားမအထူးအယူခံမှုအမှတ် ၄၉/၂၀၂၂ (မွန်)၊ ၅၀/၂၀၂၂ (မွန်)၊ ၂၉/၂၀၂၃ (ရှမ်း)၊ ၃၀/၂၀၂၃ (ရှမ်း)၊ ၃၄/၂၀၂၃ (ဧရာဝတီ)နှင့် ၃၆/၂၀၂၃ (မန္တလေး)စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု   ခုနစ်မှုနှင့်   တရားမအထူးအယူခံမှု ခြောက်မှုတို့ကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၂၆/၂၀၂၂ (မန္တလေး)၊ ၇/၂၀၂၃(ပဲခူး)၊ ၁၈/၂၀၂၃(ရန်ကုန်)၊ ၃၇/၂၀၂၃ (ရှမ်း)နှင့် ၃၈/ ၂၀၂၃ (မကွေး) စုစုပေါင်း တရားမအထူးအယူခံမှု ငါးမှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။           

သတင်းစဉ်