Skip to main content

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ကြည့်ရှုလေ့လာ

နေပြည်တော် အောက်တိုဘာ ၂၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စအန်နာဆာဂျီယဲဗ်နာ့ဗင်နီကော့ဗာနှင့် အဖွဲ့သည် ယနေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ထိုသို့ကြည့်ရှုလေ့လာစဉ် ဒုတိယဝန်ကြီးနှင့် အဖွဲ့အား မန္တလေးတိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများက အတူလိုက်ပါ၍ ရှင်းလင်းပြသကြသည်။

ဦးစွာ ပုဂံမြို့ဟောင်းရှိ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်သို့ ရောက်ရှိရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးက ပြတိုက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး နိုဗိုစီဗစ်ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့က သိရှိလိုသည်များကို မေးမြန်းလေ့လာကြသည်။

ထို့နောက် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ အနုလက်ရာများ၊ မြင်းကပါကျေးရွာရှိ မြစေတီဘုရား၊ ရွှေစည်းခုံစေတီတော်ကြီး၊ ရာဇကုမာရ်ကျောက်စာ၊ မြင်းကပါဂူပြောက်ကြီးဘုရားအတွင်းရှိ နံရံ ဆေးရေးပန်းချီများနှင့် နန်းမြင့်မျှော်စင်တို့ကို စိတ်ဝင်တစား သွားရောက်လေ့လာကြသည်။

ယင်းနောက် ပုဂံမြို့သစ်ရှိ ဦးဘငြိမ်းယွန်းထည်လုပ်ငန်းနှင့် ယွန်းအရောင်းဆိုင်ရှိ မြန်မာ့ရိုးရာ ယွန်းလက်မှုပစ္စည်းများကို ကြည့်ရှုလေ့လာကြပြီး ထီးလိုမင်းလိုဘုရား၌ ပုဂံဒေသနေဝင်ဆည်းဆာအလှကို ကြည့်ရှုကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကြကြောင်း သိရသည်။

သတင်းစဉ်