နေပြည်တော် ဒီဇင်ဘာ ၁၈
ပြည်သူများ အရည်အသွေးမီ စားသုံးဆီများ ဈေးနှုန်းချိုသာ မှန်ကန်စွာဖြင့် ဝယ်ယူစားသုံးနိုင် ရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ညနေပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများအတွက် အရည်အသွေးမီ စားသုံးဆီများကို တစ်ပိဿာလျှင် ငွေကျပ် ၅၆၀၀ နှုန်းဖြင့် လာရောက်ရောင်းချပေးသည်။
အဆိုပါ စားသုံးဆီများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယနေ့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအတွက် စားသုံးဆီစုစုပေါင်းပိဿာချိန် ၉၉၈ ပိဿာ ရောင်းချ ပေးခြင်းဖြစ်ကြောင်းနှင့် အခြားဝန်ကြီးဌာနများ၊ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ၊ ပြည်သူများအတွက်လည်း စီစဉ်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
