နေပြည်တော် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော် ခိုလှုံနေသည့် ဇေယျသုခဘုန်းကြီးကျောင်းကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာ Khit Thit Media က မဟုတ်မမှန်သတင်းရေးသား၍ လူမှုကွန်ရက်စာမျက်နှာတွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ နမ့်ခမ်းမြို့နယ်ရှိ အဆိုပါဇေယျသုခဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသည့် ဒေသခံပြည်သူများ၏ ပြောကြားချက်အရ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် တပ်မတော်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုမရှိပါကြောင်း၊ သတင်းအမှားသာဖြစ်ကြောင်း သိရှိရပါသည်။
တပ်မတော်သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်လျက်ရှိရာ ဒေသခံပြည်သူလူထု ထိခိုက်နစ်နာစေမည့်လုပ်ရပ်များကို မည်သည့်အခါမျှ လုပ်ဆောင်ခဲ့ခြင်းမရှိပါကြောင်းနှင့် အကြမ်းဖက်အားပေးမီဒီယာများအနေဖြင့် ဒေသခံပြည်သူများ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန်သတင်းများကို လုပ်ကြံရေးသား ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
