ရေတာရှည် သြဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်သိန်းသည် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီ အချိန်က ခင်တန်းကြီးကျေးရွာအုပ်စုရှိ သီရိမင်္ဂလာ ပေါက်ဘုရား စေတီတော် ကျောင်းတိုက် ဆရာတော်အား ဖူးမျှော်၍ ဝါဆိုသင်္ကန်း နှင့် အလူငွေများဆက်ကပ်ပြီး လျှပ်စစ်မီးရရှိရေးအတွက် တာဝန်ရှိသူများအား ဆွေးနွေး လမ်းညွှန်ခဲ့သည်။
ဆက်လက်၍ ရေတာရှည်မြို့အနောက်ဘက် ပေါက်ချောင်း ကျေးရွာအုပ်စု ၊ ခင်တန်း နှင့် ကျောက်ချောင်း ကျေးရွာအကြားရှိ စမိုးချောင်းလွှဲမြောင်းဖြတ် ကွန်ကရစ်တံတားအား ကြည့်ရှု ခဲ့ပြီး တံတားအားအဆင့် မြင့်တင်တည်ဆောက်နိုင်ရေးအတွက် ကျေးလက်လမ်း ဦးစီးဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။
ထို့နောက် ကျောက်ချောင်းကျေးရွာ သို့ဆက်လက်ထွက်ခွာခဲ့ပြီး ရွာဦးကျောင်း ဆရာတော်ကို ဖူးမျှော်၍ ဝါဆိုသင်္ကန်းနှင့် အလူငွေများဆက်ကပ်ပြီး သာသနာရေးဆိုင်ရာများ လျောက် ထားသည်။ ဆက်လက်၍ ဓမ္မာရုံတွင် ကျေးရွာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပြီး ရေတာရှည် - ကရင်ချောင်း - လိပ်သို စစ်တောင်း မြစ်ကူး တံတားမှတဆင့် ရေတာရှည်-ခင်တန်း-ကျောက်ချောင်း-ဇီးအုပ်ကျေးရွာများကို ဖြတ်သန်း၍ အမြန် လမ်းမကြီးသို့ ဆက်သွယ် ထားသော ကားလမ်းဖောက်လုပ်မည်ဖြစ်ကြောင်၊ ထိုသို့ လမ်းမကြီးဖောက်လုပ် ပြီးစီး သွားပါက ဒေသတွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်သည့်အားလျော်စွာ လူမှု၊ စီးပွားရေး ကဏ္ဍများတွင် များစွာတိုးတက်ပြောင်းလဲမည်ဖြစ် ကြောင်းပြောကြား သည်။ ရပ်မိ ရပ်ဖများမှ အမြန်လမ်း မိုင်တိုင် ၁၅၈ နှင့် မအူတုံး ကျေးရွာအကြားဆက်သွယ်ထားသော လမ်းပိုင်းတံတားပြု ပြင်နိုင်ရေးကိစ္စနှင့် အခြားသော ဒေသလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆု