နေပြည်တော် နိုဝင်ဘာ ၂၃
၂၀၂၃ ခုနှစ် အကြိမ်(၆၀)မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၂၀ တွင် နေပြည်တော် ဇေယျာသီရိအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ဗိုလ်လုပွဲပြိုင်ပွဲကျင်းပပုံနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားတို့ကို MRTV-HD ၊ MRTV Sports Channel ၊ MRTV Farmers’ Channel ၊ MRTV Parliament Channel ၊ MWD HD Channel ၊ MWD Variety HD Channel နှင့် MWD Education, Knowledge & Sports Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ပြီး မြန်မာ့အသံရေဒီယိုနှင့် MRTV APP: အပါအဝင် Online တို့မှလည်း တစ်ပြိုင်တည်း ထုတ်လွှင့်ပေးမည်ဖြစ်သည်။
သတင်းစဉ်
