Skip to main content

ပယ်ရင်ချန်(ဘ)ဦးပယ်စောက်ချိန်(ပန်ဆော့ချိန်)ကို ဥပဒေအရအရေးယူရန် ဖမ်းဝရမ်းထုတ်ဆင့်ခြင်း သတင်းသည် သတင်းအမှားသာဖြစ်

နေပြည်တော်  နိုဝင်ဘာ  ၁၆

 “ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ ယင်းအမှုများနှင့် ဆက်စပ်ကျူးလွန်သည့် လူကိုသွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင် ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေး ကူညီခြင်းများကို ကျူးလွန်နေသဖြင့် ပယ်ရင်ချန်(ဘ)ဦးပယ်စောက်ချိန် (ပန်ဆော့ချိန်) ကို ဥပဒေအရ အရေးယူရန် အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားသည်” ဟူသည့် သတင်းမှာ သတင်းမှားသာဖြစ်ကြောင်း သိရှိရပြီး  တရုတ်နိုင်ငံမှလည်း  ပယ်ရင်ချန်(ဘ)ဦးပယ်စောက်ချိန် (ပန်ဆော့ချိန်)ကို ဖမ်းဝရမ်း ထုတ်ဆင့်ထားခြင်းမရှိကြောင်း သတင်းရရှိသည်။