Skip to main content

ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများ အချိန်မီပို့ဆောင် ဖြန့်ဖြူးလျက်ရှိ

ရန်ကုန်  နိုဝင်ဘာ   ၁၆

ရန်ကုန်သီလဝါဆိပ်ကမ်းဒေသကြီးရှိ စက်သုံးဆီ Terminal များသို့ ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ရောက်ရှိပြီး စက်သုံးဆီများဖြည့်တင်းလျက်ရှိရာ သီလဝါဆိပ်ကမ်းဒေသကြီးရှိ Denko Terminal ၊ Max Terminal ၊ MMTM Terminal ၊ Brighter Energy Terminal ၊ PSW Terminal ၊ Regency SPC Terminal များအပြင် သာကေတမြို့နယ်ရှိ PT Power Terminal နှင့် လှိုင်သာယာမြို့နယ်ရှိ Denko Terminal တို့မှ ၁၅-၁၁-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရောင်းဆိုင်(၁၈၇) ဆိုင်သို့ ဆီသယ်ယာဉ် (၃၆၇)စီးဖြင့် 92 Ron(၄သိန်းကျော်)၊ 95Ron (၂သိန်း၄သောင်းကျော်)၊ ဒီဇယ်ဆီ (၃သိန်း၂သောင်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ(၃သိန်း၅သောင်းကျော်)အား လည်းကောင်း၊ နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီအရောင်းဆိုင် (၂,၁၇၈) ဆိုင်သို့ ဆီသယ်ယာဉ် (၉၂၈) စီးဖြင့် 92 Ron (၁သန်း၂သိန်းကျော်)၊ 95Ron (၂ သိန်း ၅ သောင်းကျော်)၊ ဒီဇယ်ဆီ (၇သိန်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ (၁ဝသိန်းကျော်)အားလည်းကောင်း နေ့ညမရွေး အဆက်မပြတ်ဖြည့်တင်း သယ်ယူပို့ဆောင်ဖြန့်ဖြူးလျက်ရှိသဖြင့် နိုင်ငံတစ်ဝှမ်းရှိ အရောင်းဆိုင်အားလုံးတွင် စက်သုံးဆီလာရောက် ဝယ်ယူမှုအခြေအနေမှာ ပုံမှန်အတိုင်းဖြစ်ပြီး အများပြည်သူများမှ စက်သုံးဆီများကို အမျိုးအစားအလိုက် လိုအပ်သလို အဆင်ပြေချောမွေ့စွာဝယ်ယူ သုံးစွဲလျက်ရှိကြောင်း သတင်းရရှိပါသည်။