Skip to main content

သက်ကြီးစာပေပညာရှင်များ  ပူဇော်ကန်တော့ပွဲအတွက်  အလှူငွေများဆက်လက်လှူဒါန်း

ရန်ကုန် နိုဝင်ဘာ ၁၅

မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိရာ ဗိုလ်ချုပ်ဌေးဦး (ငြိမ်း) ပြည်ထောင်စုဝန်ကြီး (ငြိမ်း)-ဒေါ်နီနီဝင်းမိသားစုက အလှူငွေကျပ် ၂၇၈ဝဝဝဝ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် သီဟသုဓမ္မ မဏိဇောတဓရ ဆရာကြီးဦးတင်မောင်ထွေး (နတ်ရေကန်တင်မောင်ထွေး) တို့က အလှူငွေ ကျပ် ၁၀ သိန်းစီ၊ စာရေးဆရာမကြီး ရွှေကူ နန်းနွဲ့နွဲ့မိသားစု၊ ဦးဟန်သိန်း (သစ္စန) ၊ဦးသန်းလှိုင်သစ် (မြန်မာ့အသံ) အား ရည်စူး၍ သမီး ဝါဝါ စုလှိုင်မိသားစု၊ ကွမ်းခြံကုန်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစံရွှေ (တင်မောင်ထက်-ကွမ်းခြံကုန်း)၊ ချောင်းဆုံမြို့နယ် စာရေးဆရာအသင်း၊ သံဖြူဇရပ်မြို့နယ် စာရေးဆရာအသင်းနှင့် ကြို့ပင်ကောက်မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် တစ်သိန်းစီ။ အောင်မျိုးသန့် (ကန့်ဘလူ)၊ ဦးထွန်းငွေ-ဒေါ်ခင်ဌေးမြင့် (သန်လျင်မြို့နယ်)၊ ဦးမြင့်အောင် (ဦးမြင့်အောင် - စစ်သည်ဟောင်း)၊  ကိုလတ်(အဏ္ဏဝါ) မြောက်ဥက္ကလာပမြို့နယ်၊ မုံရွာမြို့နယ်စာရေးဆရာအသင်းနှင့် မြန်အောင်  မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် ငါးသောင်းစီ၊ မဲခေါင်စာပေဆုရ ဦးဖေသန်း (နေမင်းသန်း)၊ မုံရွာမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးညွန့်စိုး (ရွှေရည်စိုး) နှင့် ဦးမြင့်အောင် (မြင့်အောင်-ရွှေဘိုသား) မုံရွာမြို့နယ်တို့က ငွေကျပ်သုံးသောင်းစီ၊ ဗိုလ်မှူးကြီးမြင့်သိန်း (ငြိမ်း)(မြင့်သိန်းအောင်)က ငွေကျပ်သုံးသိန်းတန်ဖိုးရှိစာအုပ်များ၊ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)က ငွေကျပ်တစ်သိန်းတန်ဖိုးရှိ စာအုပ်များ ပေးအပ်လှူဒါန်းကြရာ အသင်းအတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်း သူ- ကြို့ပင်ကောက်) နှင့် တွဲဖက်အတွင်းရေးမှူး (၃) ဦးအောင်ကြည် (အောင်ကြည်ညွန့်-တက္ကသိုလ်)တို့က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေးဆရာအသင်း၊ အမှတ် (၁၇၃/၁၇၅) ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ်၊ ရန်ကုန် မြို့၊ ဖုန်း-၀၁-၂၅၂၄၁၇၊ ၀၉ - ၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။  

သတင်းစဉ်