နေပြည်တော် နိုဝင်ဘာ ၁၅
အများပြည်သူက စက်သုံးဆီများ အဆင်ပြေလုံလောက်စွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီပြတ်လပ်မှုမရှိစေရန် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် သီလဝါသိုလှောင်ကန် စခန်းများမှ စက်သုံးဆီများကို ဆီသယ်ယာဉ်များဖြင့် လုံလောက်စွာ ဖြည့်တင်း ဆောင်ရွက်ပေးလျက်ရှိသော်လည်း မော်တော်ယာဉ်အချို့အား အရောင်းဆိုင်တွင် ဆီရှိလျက်ဖြင့် ရောင်းချပေးခြင်းမရှိသော စက်သုံးဆီအရောင်းဆိုင် (၃) ဆိုင်အား စစ်ဆေးတွေ့ရှိသဖြင့် စိစစ်၍ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေစီမံခန့်ခွဲမှုနည်းလမ်းအရ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
