Skip to main content

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ပြည်မြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၁၅

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) ၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ပြည်မြို့ ဝိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက်၌ အခြေပြု၍ ပြည်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၁၃၆ ဦး၊ ခွဲစိတ်ရောဂါ ၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၁ ဦး၊ ကလေးရောဂါ ၂၇ ဦး၊ အရိုးရောဂါ ၇၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၇ ဦး၊ မျက်စိရောဂါ ၁၀၀ ဦးနှင့် သွားရောဂါ ၂၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၇ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၀ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၈ ဦး စုစုပေါင်း ၄၃၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးဆောင်ရွက် ပေးမှုများအပေါ် ဒေသခံပြည်သူ များ၏ စကားသံများကို ယခုလို ကြားသိခဲ့ရပါသည်-

ဦးသုမန  ငှက်သိုက်တောရကျောင်းတိုက်

ပြည်မြို့

ဦးပဉ္စင်းလည်း မျက်စိ တစ်ဖက် ကြည့်မကောင်းလို့ လာပြတာပါ။ ဦးပဉ္စင်း စာကြည့် တယ်။ စာကြည့်တော့ မျက်စိက ပါဝါအားနည်းသွားလို့လား၊ ဒါမှ မဟုတ် မျက်စိ တစ်ခုခုဖြစ်နေလို့ လားဆိုတာ ဦးပဉ္စင်းအနေနဲ့ မရှင်းဘူးလေ။ မေးကြည့်လိုက် တော့ တပ်မတော်နယ်လှည့်ဆေးကု အဖွဲ့ထဲမှာ မျက်စိ ပါရဂူပါတယ် ဆိုလို့ လာပြတာပါ။ အဲဒါနဲ့ရောဂါ ဝေဒနာရှိတဲ့ သံဃာတော်တွေပါ ခေါ်လာပြီး လာပြကြတာပါ။ ဦးပဉ္စင်းက အခြားတော့ ထူးထူး ထွေထွေမရှိပါဘူး။ မျက်စိပါဝါ အားနည်းတာလို့ ဆရာဝန်က ပြောပါတယ်။ ဦးပဉ္စင်းကို မျက်စိ ပါဝါအားတွေ ချိန်းရမယ်လို့ ပြောပြီး မျက်စဉ်းခတ်ဖို့ မျက်စဉ်း တွေပေးလိုက်တယ်။ အခုလိုဆေး အဖွဲ့တွေ လာရောက်ကုသတဲ့အခါ မှာ ဦးပဉ္စင်းတို့ရဲ့ ဆေးကုသဖို့ ခက်ခဲတဲ့ ဒါယကာ၊ ဒါယိကာမတွေ လည်း အများကြီး။ တချို့ ဒါယကာ၊ ဒါယိကာမတွေကျတော့ ဆေးကုသချင်ပေမယ့်လည်း အပြင် ဆေးခန်းတွေမှာ ကုသဖို့ ငွေရေး ကြေးရေး မတတ်နိုင်ကြဘူး။ နောက်တစ်ခါ စားဝတ်နေရေး အတွက် အလုပ်လုပ်နေရတာ ကြောင့် အချိန်မပေးနိုင်ကြတာ လည်းပါတယ်။ အခုလို ကိုယ့် ဒေသ၊ ကိုယ့်နယ်မြေ၊ ကိုယ့် ရပ်ကွက်ကို ရောက်လာတော့ နီးနီးနားနားမှာပဲ ကုသခွင့်ရတာ ပေါ့။ မတတ်နိုင်တာတွေလည်း မရှိတော့ဘူး။ ရောဂါနဲ့ပတ်သက် တဲ့ စမ်းသပ်မှုတွေ ပြုလုပ်ပေး တယ်။ ခွဲစိတ်စရာရှိလည်း ခွဲစိတ် ကုသပေးတယ်။ အကုန်လုံးကောင်း ပါတယ်။ ဘာပဲဖြစ်ဖြစ် အများ အကျိုးအတွက်ကို ဒီဒါယကာကြီး တွေ ဆောင်ရွက်ပေးတယ်။ ဒါယကာ၊ ဒါယိကာမတွေရော၊ ဦးပဉ္စင်းတို့ရော မျက်စိနဲ့ပတ်သက် ရင် မျက်စိအကျိုးတရားတွေ၊ နားနဲ့ ပတ်သက်ရင် နားအကျိုးတရား တွေ ကုသမှုခံယူရတဲ့အတွက် အကုန်လုံးအတွက် ဦးပဉ္စင်းတို့ သာဓုခေါ်ပါတယ်။

မသင်းယုနိုင် နဝင်းရပ်ကွက်၊ ပြည်မြို့

ကလေးနားထဲ ကျောက်ခဲဝင် ထားတာ နှစ်လလောက်ရှိပြီ။ အပြင်မှာပြတာ ငွေမရှိလို့။ ဆရာဝန်ကပြောတယ်။ လောလော ဆယ် ဒီမှာကုလို့သွေးထွက်တယ် ဆိုလို့ရှိရင် ဆေးရုံကြီးမှာ သူ့ဆရာ ရှိတယ်။ လက်မှတ်ရေးပေးလိုက် မယ်လို့ ပြောတယ်။ သွားပြကြည့်။ တကယ်လို့မှ သွေးမထွက်ဘူး ဆိုရင် ဒီမှာတစ်ခါတည်း ထုတ်ပေး မယ်။ တကယ်လည်း ထုတ်ပေး တဲ့အတွက် ဝမ်းသာပါတယ်။ ကလေး ရောဂါခံစားရတာ ကြည့် ပြီး ညညဆိုအိပ်လို့တောင် မပျော် ဘူး။ ကျောက်ခဲမထွက်မှာစိုးလို့။ ကလေးကိုလည်း အနာသက်သာ အောင် ဟိုဘက် ဒီဘက်စောင်း အိပ်ဖို့ ပြောရပါတယ်။ အခုလို ကလေးနားထဲက ကျောက်ခဲကို ထုတ်ပေးလိုက်တဲ့အတွက် ခွဲစိတ် ပေးတဲ့ ဆရာဝန်ကြီးနဲ့ တာဝန်ရှိ သူတွေအကုန်လုံးကို ကျေးဇူးတင် ပါတယ်။ ကလေးကို အပြင် ဆေးခန်းမှာပြဖို့ လုပ်ပေမယ့် ငွေက မရှိသေးဘူး။ လကုန်မှ လကုန်မှ ပြမယ်လို့လုပ်တိုင်း ငွေမရှိတာကြောင့် မပြဖြစ်ဘူး။ ငွေမရှိတဲ့အချိန်မှာ အခုလိုကုသ ပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ အခုလိုစီစဉ် ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေ၊ ဆေးလာကုသ ပေးတဲ့ ဆရာဝန်ကြီးတွေနဲ့ အဖွဲ့ဝင်တွေအကုန်လုံးကို အထူး ကျေးဇူးတင်ကြောင်း ပြောလို ပါတယ်။

သတင်းစဉ်