ပုသိမ် နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အကြမ်းဖက် PDF တို့အား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများ အားပေး ထောက်ခံပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ ဟစ်တိုင်ကွင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါထောက်ခံပွဲသို့ ပြည်သူအင်အား (၆၀၀)ခန့်သည် နယ်မြေတည်ငြိမ်အေးချမ်းရေး (ဒို့အရေး-ဒို့အရေး)၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး (ဒို့အရေး-ဒို့အရေး)၊ NCA ကို ဆန့်ကျင်ပြီး အကြမ်းဖက်အဖျက်အမှောက် လုပ်ဆောင်နေသည့် အဖွဲ့အစည်းများအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ KIA/ AA/ TNLA/ MNDAA/ BPLA နှင့် အကြမ်းဖက် PDF များအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစမ်ကို ကာကွယ်စောင့်ရှောက်နေသည့် ရှေ့တန်းရောက် တပ်မတော်သားများ (ကျန်းမာပါစေ-ကျန်းမာပါစေ)၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (အောင်ရမည်-အောင်ရမည်) ဗွီနိုင်းဆိုင်းဘုတ်များကိုင်ဆောင်၍ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အမျိုးသားရေးတက်ကြွ လှုပ်ရှားသူများက ရှင်းလင်းဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ပြီး နောက် KIA/ AA/ TNLA/ MNDAA/ BPLA နှင့် အကြမ်းဖက် PDF များအား ဆန့်ကျင်ကြောင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံကြောင်း ကြွေးကြော်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)