ရန်ကုန် နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသ၌ အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်လျက်ရှိသော တပ်မတော်သားများကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ငွေကျပ် ၁၀ သိန်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်းက ငွေကျပ် ၁၀ သိန်းနှင့် မြန်မာနိုင်ငံ အားကစားကလောင်ရှင်များအဖွဲ့ချုပ်က ငွေကျပ်ငါးသိန်း စုစုပေါင်းငွေကျပ် ၂၅ သိန်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ သွားရောက်ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
သတင်းစဉ်
