Skip to main content

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း ဘွဲ့ကြို/ ဘွဲ့လွန်သင်တန်းများ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဖွင့်လှစ်မည်

နေပြည်တော် နိုဝင်ဘာ ၁၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၏ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပထမနှစ်မှ ပဉ္စမနှစ်အထိ ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန်မဟာသိပ္ပံသင်တန်းများကို ၂၃-၁၁-၂၀၂၃ ရက် (ကြာသပတေးနေ့) မှ စတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၂၀-၁၁-၂၀၂၃ ရက် (တနင်္လာနေ့) မှစတင်၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်သည်။

ဘွဲ့ကြိုပထမနှစ်သင်တန်း တက်ရောက်ခွင့်ပြုရန် ပဏာမ ရွေးချယ်ထားသည့် ကျောင်းသား၊ ကျောင်းသူစာရင်းကို ဝန်ကြီးဌာန၏ website (https://www.monrec. gov.mm) တွင် ကြေညာပေး သွားမည်ဖြစ်ကြောင်းနှင့် ပဏာမရွေးချယ်ထားသည့် ကျောင်းသား၊ ကျောင်းသူ များအား မိုင် ၂၀ လမ်းလျှောက်စွမ်းရည်စစ်ဆေးခြင်းကို ၁၈- ၁၁-၂၀၂၃ ရက် (စနေနေ့) တွင် ရေဆင်းဆည်၊ ဆည်ပေါင်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

   သတင်းစဉ်