Skip to main content

သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများ ဆက်လက်လှူဒါန်း

ရန်ကုန် နိုဝင်ဘာ ၆

မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် (၃၆)ကြိမ်မြောက် သက်ကြီး စာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ အတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းရာတွင် ဦးမြင့်စိုး (မြင့်စိုး-နတလ)က အလှူငွေကျပ် ငါးသိန်း၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီခန့်စည်သူက ငွေကျပ် သုံးသိန်း၊ ဦးစန်းလွင် (ကပ္ပိယ စန်းလွင်)မိသားစု၊  ဦးစောငွေ(မောင်ငွေအိုး)မိသားစု၊ ဒေါက်တာအေးမင်း (ဒေါက်တာ အောင်ထက်-ဆေး-၁)၊ စာရေးဆရာ ရဲမင်းစိုး(မိသားစု)၊ ဒေါ်ခင်တင့်ဝေ (ခင်တင့်ဝေ မြို့တော်စည်ပင်)၊ ဦးမောင်မောင်မြင့်အေး- ဒေါက်တာစောယုနွယ်(မိသားစု)၊ မင်္ဂလာဒုံမြို့နယ် စာရေးဆရာအသင်း၊ အင်းစိန် မြို့နယ်စာရေးဆရာအသင်း၊ ဖျာပုံမြို့နယ် စာရေးဆရာအသင်းနှင့် ပျဉ်းမနားမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် တစ်သိန်းစီ၊ ကျွန်းစဉ်မြေစောခက်က ငွေကျပ်ခုနစ်သောင်း၊ ဒေါက်တာအေးကို (ဥက္ကဋ္ဌ၊ တောင်ဥက္ကလာပစေတီ ဂေါပက အဖွဲ့)၊ ကျောက်တံတားမြို့နယ် စာရေး ဆရာအသင်း၊ ကော့မှူးမြို့နယ် စာရေးဆရာအသင်း၊ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းနှင့် ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီ၊ ဦးစိုးမြင့် (စိုးမြင့်-စက်မှုတက္ကသိုလ်) မိတ္ထီလာမြို့နယ်၊ ဦးဇော်ဌေး (ယဉ်ကျေးမှု)၊ ချစ်စုအောင်(ကဗျာဆရာ)၊ စာရေးဆရာမ သက်ဦးခင်၊ ဒေါ်တင်တင်ခိုင် (ခိုင်ပန်းဝေ-လက်ပန်လှ) ပြင်ဦးလွင် မြို့နယ်နှင့် ပန်းတောင်းမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် သုံးသောင်းစီ၊ ဦးစံရှိန် (ဆရာကြီးရှိန်) ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်က ငွေကျပ် နှစ်သောင်း၊ သုခုမရင်ပြင် စာပေမိသားစု က ငွေကျပ် ၁၅၀၀ဝ၊ ဦးဇော်လင်းဦး (ဇော်လင်းဦး-အောင်စံ) အောင်မြေသာစံ မြို့နယ်ကငွေကျပ်တစ်သောင်း ပေးအပ်လှူဒါန်းကြရာ မြန်မာနိုင်ငံစာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူ မောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ(၁)ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ တွဲဖက်အတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးအောင်သန်းဦး (ပုသိမ် အောင်သန်းဦး)နှင့် ဦးအောင်ကြည် (အောင်ကြည်ညွန့်- တက္ကသိုလ်) တို့က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အလှူငွေဖြစ်စေ၊ အလှူပစ္စည်း ဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေး ဆရာအသင်း၊ အမှတ်(၁၇၃/၁၇၅)၊ ပန်းဆိုး တန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။

သတင်းစဉ်