နေပြည်တော် အောက်တိုဘာ ၃၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မအူပင်မြို့နယ် မလက်တိုကျေးရွာအနီး၌ တရားမဝင် အခြားသစ် ၁ ဒသမ ၇၃၇ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂၄၂၈ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အရေးယူဆောင်ရွက်
ထို့ပြင် အောက်တိုဘာ ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောင်မြေသာစံမြို့နယ် ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်နှင့် ဒေါနဘွားရပ်ကွက်တို့၌ ကျန်းမာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားမှုမရှိသော ဆေးဝါးများဖြစ်သည့် Bevac Vaccine အသည်းရောင်အသားဝါကာကွယ်ဆေးအလုံး ၈၀၊ Abhayrab Rabies Vaccine ခွေးရူးပြန်ကာကွယ်ဆေးဘူး ၉၀ အပါအဝင် ဆေးဝါးခြောက်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၈၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အောက်တိုဘာ ၃၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ် (သွင်းကုန်) ၌ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် HEHUA စီးကရက် ၁၀ တောင့်အပါအဝင် ကုန်ပစ္စည်းလေးမျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၂၀၀၀၀ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အောက်တိုဘာ ၃၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ကျောက်တံခါးမြို့နယ်အတွင်း၌ လိုင်စင်မဲ့ယာဉ်များဖြစ်သည့် Nissan AD Van တစ်စီးနှင့် Toyota Mark II တစ်စီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အောက်တိုဘာ ၃၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာ၌ လိုင်စင်မဲ့ Canda ဆိုင်ကယ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အောက်တိုဘာ ၃၁ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သံတွဲခရိုင် ဂွမြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် ၉ ဒသမ ၇၄၁ တန် ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၆၈၅၄၆ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ အောက်တိုဘာ ၂၈ ရက်၊ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲရှစ်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၂၁၀၉၇၄ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
