နေပြည်တော် အောက်တိုဘာ ၂၆
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့သည် ယနေ့တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းကို စနစ်တကျ စီမံဆောင်ရွက်ရန်၊ ပလတ်စတစ်အမှိုက်များ လုံးဝမရှိအောင်ဆောင်ရွက်ရန်၊ ရုံးအဆောက်အအုံများအား ဆေးသုတ်ထားရန်၊ ကပွဲခန်းမနှင့် အစည်းအဝေးခန်မအား နိုင်ငံတော်အဆင့်မီ ပြုပြင်ဆောင်ရွက်ထားရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ဒုတိယဝန်ကြီးသည် ဆိပ်ခံဗောတံတားတည်ဆောက်ပြီးစီးမှုနှင့် နန်းမြင့်မျှော်စင်တို့ကို ကြည့်ရှုစစ်ဆေးပြီး နန်းမြင့်မျှော်စင် မျက်နှာကြက်များ ပြုပြင်ဆောင်ရွက်ရန်၊ နန်းမြင့်မျှော်စင်ဆေး သုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ စည်ပင်အဝင် လမ်းပလက်ဖောင်း ကပ်တုံးများ ဖြူနီကျားဆေးသုတ်ရန်၊ လမ်းနံဘေးရှိဈေးဆိုင်များ၊ အငှားယာဉ်နှင့် ဆိုင်ကယ်ဘေးတွဲများ ရပ်နားမှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်မှာကြားသည်။
သတင်းစဉ်
