Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် ကုသနေသော (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အကဲဖြတ်ပညာရှင်ကို သွားရောက်ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၂၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် တက်ရောက်ကုသနေသော(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရုပ်သေးအကဲဖြတ် ပညာရှင်အဖြစ် ဆောင်ရွက်ရန်ရောက်ရှိနေသည့် ရုပ်သေးအကဲဖြတ်ပညာရှင် ဦးစိန်ထွန်းကြည် အသက် (၈၄)နှစ်ကို သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးသည်။

အဆိုပါ သက်ကြီးရုပ်သေးအကဲဖြတ်ပညာရှင် ဦးစိန်ထွန်းကြည်သည် Diagnosis – Melena with syncope for I/T (အကြောင်းရင်းသေချာစွာ မသိရသေးသော ဝမ်းအမည်းသွားခြင်းနှင့် မူးမေ့လဲခြင်း)တို့ကြောင့် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း ရွာတော်ရှိ ဆင်ဖြူရှင်ဧည့်ရိပ်သာဆေးခန်းမှ လူနာတင်ယာဉ်ဖြင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) သို့ ယမန်နေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ တွင် တက်ရောက်ခဲ့ပြီး ခွဲစိတ်ကုသဆောင် အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော စမ်းသပ်စစ်ဆေးကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူနာမှာ ဆေးရုံတက်ရောက်ချိန်တွင် ကောင်းမွန်စွာ သတိရပြီးဖြစ်ကြောင်း သိရသည်။      

 သတင်းစဉ်