Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် စေတနာသွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းမှု ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၂၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် စေတနာသွေးလှူရှင်များသည် ယနေ့တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စုပေါင်းပြီး သွေးလှူဒါန်းကြရာ နေပြည်တော် ခုတင်(၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီးသို့ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး သွားရောက် ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေး

စုပေါင်းသွေးလှူဒါန်းရာတွင် နေပြည်တော်တွင် ၅၄ ဦးနှင့် ရန်ကုန်၊ မန္တလေးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ၄၅၃ ဦး သွေးလှူရှင်စုစုပေါင်း ၅၀၇ ဦးတို့က လှူဒါန်းခဲ့ပြီး အဆိုပါသွေးလှူဒါန်းပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ ဌာနကြီးမှူးများ၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက သွေးလှူဒါန်းနေမှုများကို လိုက်လံကြည့်ရှုအားပေးကာ စားသောက်ဖွယ်ရာနှင့် ဆေးဝါးများ ပေးအပ်သည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သွေးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းခြင်း အစီအစဉ်များကို ၂၀၁၆ ခုနှစ်မှ စတင်စီစဉ်ဆောင် ရွက်ခဲ့ခြင်းဖြစ်ရာ ယခုအကြိမ်မှာ (၁၂) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်