Skip to main content

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးဆပ်ကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၅

၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး ဆပ်ကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးကို လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့်ညစာစားပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဆပ်ကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနာက် အစည်းအဝေးသို့ တက်ရောက်လာကြသူများ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့်ညစာစားပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီသို့ တင်ပြအတည်ပြုချက်ရယူရမည့် အချက်များ၊ ဆပ်ကော်မတီအတွင်း ညှိနှိုင်းဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များကို ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့်ညစာစားပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်