နေပြည်တော် အောက်တိုဘာ ၂၄
၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမရှိ သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။
ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၄၀၄၅ တွဲကို နေ့ရက်အလိုက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ခြင်းဖြစ်ပြီး ယနေ့တွင် ကျောက်စိမ်းအတွဲ ၇၅၀ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၇၀၂ တွဲ ရောင်းချရကြောင်း ကြေညာသည်။
ပြပွဲ ဆဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၇၅၀ ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး (ဝဲအောက်ပုံ) ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးအတွင်းသို့ ထည့်သွင်းကြသည်။ ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အတွက် ဈေးနှုန်းတင်သွင်း လွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေး ကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား အောက်တိုဘာ ၂၅ ရက် နံနက် ၈ နာရီတွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိနေသည့် ကျောက်စိမ်းတွဲများကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၂၈ ရက်အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
