Skip to main content

လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့်ထုတ်ပေး

တွံတေး အောက်တိုဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်အလုပ်ဌာန ၁၁၄၁ ဌာနနှင့် အာမခံအလုပ်သမား ၃၇၁၀၄ ဦးတို့အား အကျုံးဝင်မှတ်ပုံတင်ထားရှိပြီး လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သာကေတမြို့နယ်မှ အကျုံးဝင် မှတ်ပုံတင်ထားသည့် တက်လမ်းကွန် ကရစ်ကုမ္ပဏီအလုပ်ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အာမခံအလုပ်သမား ဦးဖိုးလပြည့်၏ အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ထုတ်ပေးခြင်း အခမ်းအနားကို အောက်တိုဘာ ၂၄ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့တိုင်းဒေသကြီးရုံး၌ပြုလုပ်ရာ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဦးသိန်းနွဲ့ဦး၊ တွံတေးမြို့နယ် လူမှုဖူလုံရေးရုံး ရုံးခွဲတာဝန်ခံနှင့် အလုပ်ဌာနမှ တာဝန်ရှိသူများ၊ အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး တာဝန်ခံအရာရှိက ၂ဝ၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေပါ သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး တက်လမ်းကွန်ကရစ်ကုမ္ပဏီမှ အာမခံအလုပ်သမား ဦးဖိုးလပြည့်၏ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်(ငွေလုံးငွေရင်း) ခွင့်ပြုငွေကျပ် ၄၃၂ဝဝဝဝ ကို ဇနီးဖြစ်သူ ဒေါ်အိသဉ္ဇာပိုးထံ ပေးအပ်ကြောင်း သိရသည်။

သတင်းစဉ်