Skip to main content

PDF အမည်ခံအကြမ်းဖက်သမားများက ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် ကမ်းနားလမ်းရှိ အောင်တံခွန်ငါးလေလံဈေးအတွင်းသို့ Drop ဗုံးများပစ်ချ တိုက်ခိုက်မှုကြောင့် အသက်(၁၄)နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် အောက်တိုဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် ကမ်းနားလမ်းရှိ အောင်တံခွန် ငါးလေလံဈေးအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက Drone အသုံးပြု၍ ဗုံးသီးများ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် ကမ်းနားလမ်းရှိ အောင်တံခွန်ငါးလေလံဈေးအား PDF အမည်ခံအကြမ်း ဖက်သမားများက ယနေ့မွန်းလွဲ ပိုင်းတွင် ဈေး၏ အနောက်မြောက် ဘက်မီတာ ၅၀၀ ခန့် အကွာမှနေ၍ Drone အသုံးပြု၍ Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဈေးဝယ်နေသည့် အသက် (၁၄)နှစ်အရွယ် ကလေးတစ်ဦးဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့ သူအားလုံခြုံရေးတပ်ဖွဲ့ဝင်များက ထားဝယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေ လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ အများပြည်သူများ အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဒေသခံပြည်သူများ အေးချမ်းစွာ ဈေးရောင်း/ဈေးဝယ် ပြုလုပ်နေသည့် ဈေးအတွင်းသို့ Drop ဗုံးများ ပစ်ချတိုက်ခိုက်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်