Skip to main content

ပြည့်တန်ဆာလုပ်ငန်းသို့ ပို့ဆောင်ကာ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်

နေပြည်တော် အောက်တိုဘာ ၁၉

ပြည့်တန်ဆာလုပ်ငန်းသို့ ပို့ဆောင်ကာ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နေ မိုးသီတာ(ခ) သဲသဲနှင့် ကျော်ဇင်လတ်(ခ) ကိုလင်းတို့က တစ်မြို့တည်းနေ မ ---၊ ၁၆/၂၂ နှစ်အား လားရှိုးမြို့ရှိ KTV ဆိုင်တွင် ဘီယာဗန်းကိုင်ခြင်းနှင့် ဘီယာ ငှဲ့ပေးသည့် အလုပ်လုပ်ကိုင်ရမည်ဖြစ်ပြီး တစ်လလျှင် ငွေကျပ်သုံးသိန်းခန့်ရမည်ဟု လိမ်လည်စည်းရုံးပြောဆို၍ ပြည့်တန်ဆာ လုပ်ငန်းသို့ပို့ဆောင်ကာ ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ် ရယူခဲ့သဖြင့် ဒလမြို့မရဲစခန်း (ပ) ၁၈၃/၂၀၂၂၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး တွံတေးခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ အောက်တိုဘာ ၁၈ ရက်တွင် တရားခံ မိုးသီတာ (ခ) သဲသဲကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် (၁၅)နှစ်၊ ကျော်ဇင် လတ် (ခ) ကိုလင်း ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်