Skip to main content

တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပဲခူးမြို့အတွင်း ရေဘေးကူညီကယ်ဆယ်ရေးစခန်းများ၌ စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ရန် လူမှုကူညီရေးအသင်းအဖွဲ့များ တောင်ငူမြို့မှ ထွက်ခွာ

တောင်ငူ   အောက်တိုဘာ   ၁၀

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အတွင်း ဖွင့်လှစ်ထားရှိသည့် ရေဘေးကူညီကယ်ဆယ်ရေးစခန်းများ၌ နေထိုင်လျက်ရှိကြသည့် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ လူမူကူညီရေးအသင်းအဖွဲ့များ၏ ပံ့ပိုးကူညီမှုများဖြင့် စုပေါင်းသွားရောက်ကာ စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့လှူဒါန်းနိုင်ရန် ယနေ့ မွန်းလွဲ ၂ နာရီအချိန်က စုရပ်အဖြစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းပြုလုပ်သည်။

ထို့သို့ ဆောင်ရွက်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းအောင်က ပဲခူးမြို့ ရေဘေးကူညီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြမည့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံကာ အားပေးစကားများ ပြောကြားပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ တောင်ငူခရိုင်အတွင်းရှိ တောင်ငူမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ဖြူးမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှ စုပေါင်းလှူဒါန်းကြသည့် ဆန်အိတ် (၁၆၁)အိတ်၊ ရေသန့် (၆၃၆)ကဒ်၊ ခေါက်ဆွဲခြောက်ဖာ (၁၅၅)ဖာ၊ ဆီ ( ၁၆၀)ပိဿာ၊ ငါးပိထောင်း (၂၂၈)ဗူး၊ ငါးခြောက် (၈)ပိဿာ၊ ဆားအိတ် (၂)အိတ်၊ အာလူး (၂)အိတ်၊ ပဲကြော် (၂၅၀)ထုပ်၊ လက်ဖက် (၁၁)ထုပ်၊ အသားတု (၁၅)ပိဿာ၊ သီးနှံအစို (၅)အိတ်၊ အထည်မျိုးစုံ (၁)အိတ်၊ အထွေထွေအခြောက်အိတ် (၂)အိတ်တို့အား ထောက်ပံ့လှူဒါန်းမည်ဖြစ်ရာ  ကုန်တင်ယာဥ် (၁)စီး၊ လူမှုကူညီရေးအသင်းအဖွဲ့ (၁၂)ဖွဲ့မှ မော်တော်ယာဥ်များ၊ ပရဟိတအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ စုစုပေါင်းအင်အားဦးရေ (၆၀)ကျော်တို့က ယနေ့မွန်းလွဲ (၃)နာရီအချိန်မှစ၍ တောင်ငူမြို့မှ စုပေါင်းထွက်ခွာကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)