နေပြည်တော် အောက်တိုဘာ ၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၇ ရက်က တောင်ငူခရိုင်အတွင်း၌ တရားမဝင်သစ်မာ ၄ ဒသမ ၉၀၈ တန်၊ အခြားသစ် ၀ ဒသမ ၆၂၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၂၅,၇၂၂) နှင့် အောက်တိုဘာ ၈ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ ကျွန်းသစ် ၇ ဒသမ ၆၈၂ တန်နှင့် အခြားသစ် ၁ ဒသမ ၀၆၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၈၅၆,၂၇၄)ကို သစ်တောဥပဒေအရ လည်းကောင်း၊ ပဲခူးမြို့ ပုဏ္ဏားစုရပ်ကွက် ပုဏ္ဏစု (၈)လမ်း၌ လိုင်စင်မဲ့ Mazda Bongo မော်တော်ယာဉ်တစ်စီးနှင့် Nissan Vanette မော်တော်ယာဉ် တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၃၈၁,၉၉၆ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
အောက်တိုဘာ ၈ ရက်က မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က မန္တလေးမြို့ ၆၇ လမ်း၊ ၁၄၅ လမ်း နှင့် ၁၄၆ လမ်းကြားရှိ ရန်လင်းအောင်ကားဂိတ် ဂိုဒေါင်နှင့်ကားဂိတ်၌ရပ်တန့်ထားသည့် မော်တော်ယာဉ်နှစ်စီးအား စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Justus Beer ဘူး ၃၁၂၀၀၊ Esse ဆေးလိပ်ဘူး ၁၆၀၀၀၊ ဆေးမွှေး (Shikhar) ၁၇၆၀ ကီလိုဂရမ်၊ High Commissioner ဝီစကီ ပုလင်း ၉၆၀၊ Neem Coated MUKTA UREA 46% Nitrogen ၂၇၀၀၀ ကီလိုဂရမ်၊ Maximus Beer ဘူး ၉၆၀၀၊ Justus Beer ဘူး ၁၉၂၀၀၊ Benson ဆေးလိပ်ဘူး ၂၂၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၃,၈၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Nissan Diesel Truck တစ်စီးနှင့် စက်မှုဇုန်ထုတ် Htila Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၅,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၈,၈၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အောက်တိုဘာ ၈ ရက်က ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နမ္မတီးမြို့ မြို့အဝင် ဆိုင်းဘုတ်အနီး၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်သုံးစီး၊ Toyota Crown မော်တော်ယာဉ်တစ်စီးနှင့် MG-5 မော်တော်ယာဉ်တစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီးပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၉ မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၉,၆၈၁,၉၉၆ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်