Skip to main content

ပဲခူးတိုင်းဒေသကြီး သမဝါယမကဏ္ဍက ငါးများ မွေးမြူထုတ်လုပ်

ပဲခူး အောက်တိုဘာ ၄

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ကျောက်တံခါး၊ လက်ပံတန်းနှင့် သဲကုန်းမြို့နယ်များရှိ ငါးကုန်ထုတ်သမဝါယမအသင်းများ၏ အသင်းပိုင်ငါးကန်များ၌ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးခုံးမနှင့် ရွှေဝါငါးမျိုးများ မွေးမြူထားရှိသည်။

အဆိုပါ အသင်းပိုင်ငါးကန်များမှ ယခုနှစ် ဧပြီမှစက်တင်ဘာအတွင်း ဖော်ထုတ်ရရှိသည့် ငါးမျိုးစုံ ပိဿာချိန် ၁၁၀၉၀၅ ပိဿာ၊ တန်ဖိုးအားဖြင့် ငွေကျပ်သန်း ၄၇၅ ဒသမ ၀၃၇ ကို စားသုံးသူ ပြည်သူများ ဝယ်ယူစားသုံးနိုင်စေရန် လက်လီလက်ကားဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်