Skip to main content

ရွှေတောင်မြို့၏ ကုလားအော်ငရုတ်သီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်အုပ်စု၊ ကြက်ဖြူတောင် ကျေးရွာတွင် ကုလားအော်ငရုတ်သီးများ စိုက်ပျိုးထားရှိကြောင်း သိရသဖြင့် ဈေးနှုန်းဈေးကွက်အခြေ အနေအား သိရှိနိုင်ပါရန် သွားရောက်၍ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာသို့ စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကုလားအော်ငရုတ်စိုက်ပျိုးထားသော တောင်သူ ဦးအေးသိန်းနှင့် တွေ့ဆုံ၍မေးမမြန်းရာ ၎င်းမှ ကုလားအော်ငရုတ်သီးစိုက်ဧကမှာ (၂)ယောက်စိုက် ဧကအနေဖြင့် (၀.၅၀)ဧကကို ဇွန်လတွင် စတင်စိုက်ပျိုးထားကြောင်း သိရပါသည်။ ငရုတ်သီး (၀.၅၀) ဧကတွင် အပင်ရေ (၁၂၀၀)ခန့်ရှိပြီး စက်တင်ဘာလတွင် စတင်ခူးဆွတ်ရောင်းချကြောင်း သိရ ပါသည်။ ငရုတ်သီးကို စတင်ခူးဆွတ်ပြီး (၁၅)ရက်ကြာလျှင် တစ်ခါခူးဆွတ်ရကြောင်းသိရပြီး တစ်ခါ ခူးဆွတ်လျှင် ကုလားအော်ငရုတ်သီး အတောင့်ရေ (၃၅၀ မှ ၄၀၀)ကြား ခူးဆွတ်ရရှိကြောင်း သိရပါသည်။ ကုလားအော် ငရုတ်သီးမှာ ဆောင်းရာသီဖြစ်သော နှင်းများကျချိန်တွင် အသီးများပို၍ သီးကြောင်း သိရပါသည်။ အသီးများ လှိုင်လှိုင်ပေါ်ချိန်တွင် ငရုတ်ပင်တစ်ပင်လျှင် အသီးတောင့်ရေ (၅၀) ခန့် ခူးဆွတ်ရကြောင်း သိရပါသည်။

ကုလားအော်ငရုတ်သီး ဈေးကွက်၊ ဈေးနှုန်းအနေဖြင့် ငရုတ်သီးကိုကွင်းထဲ အရောက်လာ၍ ဝယ်ယူကြပြီး အတောင့်တစ်တောင့်လျှင် ဖောက်သည်ဈေး ၅၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ဈေးကွက်တွင်ရောင်းချသောဈေးမှာ တစ်တောင့်လျှင် ၁၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ရွှေတောင်မြို့နယ်ရှိကုလားအော်ငရုတ်သီးစိုက်ပျိုးသူများအနေဖြင့် အကျိုးအမြတ်များ ရရှိနိုင်၍ ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း ကွင်းဆင်းလေ့လာသိရှိရပါသည်။

DOCA(ပဲခူး)