Skip to main content

ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိမှုနှင့် ပတ်သက်၍ ပုဂ္ဂလိကပုံနှိပ်လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်အချက်များ တွေ့ဆုံရှင်းလင်း

နေပြည်တော် ဩဂုတ် ၂၂

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များကို  ပုဂ္ဂလိကလုပ်ငန်းရှင်များအား အပ်နှံ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ အသိပေးရှင်းလင်းခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန စုဝေးခန်းမကြီး၌ ပြုလုပ်သည်။

အသိပေးရှင်းလင်းပွဲသို့ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြင်ပ ပုဂ္ဂလိက ပုံနှိပ်လုပ်ငန်းရှင်များ ၊ စိတ်ပါဝင်စားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ဆပ်ကော်မတီ ဥက္ကဋ္ဌ များဖြစ်ကြသော ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဦးဝင်းမော်ထွန်း တို့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လုပ်ငန်း အပ်နှံ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ တွေ့ဆုံရှင်းလင်း ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျောင်းသုံးစာအုပ်များကို ပုံနှိပ်ထုတ်လုပ်ဖြန့်ချိ ရာတွင် အချိန်မီ ၊ အရည်အသွေး မီဖြစ်စေရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားကြသည်။

ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် ၊ ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေး ဆပ်ကော် မတီ အတွင်းရေးမှူး အခြေခံပညာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် ကျောင်းသုံး စာအုပ်များ ရိုက်နှိပ်ဖြန့်ချရေး ကော်မတီ အတွင်းရေးမှူး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန   ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသုံး စာအုပ်များ ပုံနှိပ်ထုတ်လုပ် ဖြန့်ချိရေးနှင့် ပတ်သက်၍ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရာတွင် ပုံနှိပ်၊ ချုပ်လုပ်၊ ထုပ်ပိုး၊ ပို့ဆောင်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်၌ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များ၊ စာချုပ် ချုပ်ဆိုရာတွင် လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ပုံနှိပ်လုပ်ငန်းများသို့ လုပ်ငန်းဆောင်ရွက်နိုင်မှု စစ်ဆေးရာတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ပေးရမည့်အချက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြင်ပပုဂ္ဂလိကလုပ်ငန်းရှင်များက သိရှိလိုသည် များ ကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး ဆပ်ကော်မတီ ဥက္ကဋ္ဌ များ ဖြစ်သည့် ဒုတိယဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ပြောကြားကြသည်။

ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

(သတင်းစဉ်)