Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အရာထမ်းများ၏ ပြည်ပသင်တန်း အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၉

Malaysia Anti-Corruption Academy (MACA) မှ ဖွင့်လှစ်ပို့ချခဲ့သည့် Investigation and Prosecution in Intelligence Based Investigation (IPIBI) Cases သင်တန်းသို့ အွန်လိုင်းစနစ် ဖြင့် တက်ရောက်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ အရာထမ်းတစ်ဦးက သင်တန်းအတွေ့အကြုံရှင်းလင်းပွဲကို ယနေ့တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

တက်ရောက်

အတွေ့အကြုံရှင်းလင်းပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်း ရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အဆင့်မြင့် အရာရှိကြီးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ကော်မရှင်ဥက္ကဋ္ဌက ပြည်ပနိုင်ငံများသို့ သင်တန်းများတက်ရောက်ရာ၌ တက်ရောက်ရ မည့်ဘာသာရပ်နှင့်စပ်လျဉ်း၍ ကြိုတင်လေ့လာရန်လိုကြောင်း၊ ပြည်ပနိုင်ငံများ၏ ကောင်းမွန်သည့် အလေ့အထများကို အတုယူ၍ ကြိုးစားလေ့လာဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်းတက် ရောက်ရာတွင် ဝင်ရောက်ဆွေးနွေးခြင်း၊ မေးမြန်းခြင်းနှင့် မိမိထင်မြင်ယူဆချက်များကို တင်ပြ နိုင်သည့် အရည်အချင်းများရှိနေရန် ကြိုးစားလေ့လာကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းထက် က သင်တန်းတွင်ပို့ချသည့် ဘာသာရပ်များနှင့် သင်တန်းအတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာ သည့်ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။

စွမ်းဆောင်ကြိုးပမ်း

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက ဝန်ထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ အသိအမြင် ဗဟုသုတ ကြွယ်ဝရေးအတွက် ပြည်ပခရီးစဉ်များကို စေလွှတ်လျက်ရှိကြောင်း၊ ထိုသို့စေလွှတ်ရာတွင် အချိန်အား၊ ငွေအား၊ လူအား ရင်းနှီးပေးဆပ်ရသဖြင့် ထိုက်တန်သည့် အကျိုးကျေးဇူးများရရှိအောင် စွမ်းဆောင်ကြိုးပမ်းကြစေလိုကြောင်း၊ သွားရသည့်ခရီး၏ အကျိုးရလဒ်အဖြစ် မိမိအတွက်၊ ဌာနအတွက်၊ နိုင်ငံအတွက် ရလဒ်ကောင်းများရရှိအောင် မှာကြားလိုကြောင်း ပြောကြားသည်။

သတင်းစဉ်