နေပြည်တော် စက်တင်ဘာ ၂၃
ပခုက္ကူဦးအုံးဖေစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီက အကြိမ် (၃၀) မြောက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုများ ယှဉ်ပြိုင်ရန် စာမူများဖိတ်ခေါ်ကြောင်း ယနေ့ကြေညာသည်။
ပခုက္ကူဦးအုံးဖေစာပေဆုအတွက် ဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်းချုပ်၊ ကဗျာပေါင်းချုပ်၊ ကျမ်းစာပေနှင့် သုတေသနစာပေဟူ၍ ဘာသာရပ် ငါးမျိုးတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။ သတ်မှတ်ထားသော ဘာသာရပ် တိုင်းတွင် တစ်ဦးတည်းက တစ်မျိုးစီပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။
ပခုက္ကူဦးအုံးဖေစာပေဆုအတွက် ပထမဆု ငွေကျပ် ခုနစ်သိန်း၊ ဒုတိယဆု ငွေကျပ် ငါးသိန်း၊ တတိယဆုငွေကျပ် လေးသိန်းချီးမြှင့် သွားမည်ဖြစ်သည်။
ပခုက္ကူဦးအုံးဖေစာပေဆု ဘာသာရပ်ငါးမျိုးအတွက် စာပေပြိုင်ပွဲ ဝင်လိုသူများသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် (သောကြာနေ့) နောက်ဆုံးထား၍ ကိုယ်ရေးရာဇဝင် အပြည့်အစုံ ဓာတ်ပုံနှစ်ပုံဖြင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ၃၇ လမ်းနှင့် ကုန်သည်လမ်းထောင့် အမှတ် (၅၂၉-၅၃၁) ရှိ စာပေဗိမာန်သို့ ပေးပို့ရ မည်ဖြစ်သည်။ နယ်မှ ပြိုင်ပွဲဝင်လိုသူများအနေဖြင့် စာတည်းမှူးချုပ် စာပေဗိမာန် အမှတ် ၅၂၉-၅၃၁၊ ၃၇ လမ်းနှင့် ကုန်သည်လမ်းထောင့် ကျောက်တံတားမြို့နယ် ရန်ကုန်သို့ ငွေကျပ် ၁၅၀၀ ဖြင့် ပေးပို့၍ ပြိုင်ပွဲဝင်ပုံစံများနှင့် စည်းကမ်းချက်များကို မှာယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်