Skip to main content

ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရားကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့် ရှင်ဥပဂုတ္တကျောင်းဆောင် ဆောက်လုပ်ခြင်းအတွက် အလှူငွေပေးအပ်ပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၂

ပြည်ထောင်စုနယ်မြေ နေပြည်တော်ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရားကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းနှင့် ရှင်ဥပဂုတ္တကျောင်းဆောင် ဆောက်လုပ်ခြင်းအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့ များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို Green City၊ Clean City ၊ Smart City အဖြစ် ဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့၏ အထင်ကရနေရာ ကန်တော်မင်္ဂလာရှမ်းကန်ကြီးကို သန့်ရှင်းသာယာလှပပြီး အများပြည်သူအပန်းဖြေနားနေရာတစ်ခုအဖြစ် ရေရှည်တည်ရှိနေရန်အတွက် မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နေပြည်သူလူထုများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီးမိသားစုက အလှူငွေကျပ်သိန်း ၅၀ ကို လှူဒါန်းရာ မြို့မိမြို့ဖတစ်ဦးကလက်ခံရယူသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၅၀ ကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်ကလည်းကောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၅၀ ကို နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က လည်းကောင်း လှူဒါန်းရာ မြို့မိ မြို့ဖများက လက်ခံရယူသည်။

ထို့နောက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် အမြဲတမ်းအတွင်းဝန်တို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရားကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း နှင့် ရှင်ဥပဂုတ္တကျောင်းဆောင် ဆောက်လုပ်ခြင်းအတွက် နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက ပထမအကြိမ် အလှူငွေပေးအပ်ပွဲတွင် နေပြည်တော်ကောင်စီမှတစ်ဆင့် ငွေကျပ် ၇၆၀၈၂၀၀၀ ကို လှူဒါန်းခဲ့ပြီး ယခု ဒုတိယအကြိမ် ပေးအပ်လှူဒါန်းမှုမှာ အလှူရှင် ၈၄ ဦးမှ လှူဒါန်း ငွေကျပ် ၅၄၆ သိန်းဖြစ်ပြီး စေတနာရှင်အလှူရှင်များအနေဖြင့် ဆက်လက်လှူဒါန်းလိုပါက နေပြည်တော်ကောင်စီရုံးသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ် ကန်တော်မင်္ဂလာ ရှမ်းကန်တွင် အဆင့်မြှင့်တင်တည်ဆောက်လျက်ရှိသည့် ရေလယ်ကျောင်းဆောင်၊ ရှင်ဥပဂုတ္တကျောင်းဆောင်တို့ အသစ်တည်ဆောက်ခြင်း၊ လူလျှောက်လမ်းတံတား အသစ်တည်ဆောက်နေမှုနှင့် ကန်တော်မင်္ဂလာရှမ်းကန်ပတ်လည်တွင် မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်