Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၂၁

 ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ စံချိန်စံညွှန်းကောင်းမွန်ပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများကို ထည့်သွင်းရွေးချယ်ရန် စီစဉ်ထားရှိပါကြောင်း၊ အလားအလာ ရှိသောသူများကိုလည်း အတွေ့အကြုံရရှိစေရန် လေ့လာသူများအဖြစ်ရွေးချယ်သွားရန် လျာထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယနေ့မွန်းလွဲပိုင်းတွင် အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) စားရိပ်သာဆောင်၌ သင်တန်းသား သင်တန်းသူများနှင့် နေ့လယ်စာအတူတကွ စားသုံးစဉ်ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျိုက္ကဆံဝင်းအတွင်းရှိ ပြည်ထောင်စုခန်းမ၌ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအတွက်ငွေ ၈၃၄၁၁၂၅ ကျပ် တန်ဖိုးရှိ စားသောက် ကုန်ပစ္စည်းခြောက်မျိုးကို ထောက်ပံ့ပေးအပ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ ရန်ကုန်)အရာထမ်း၊ အမှုထမ်းများကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများကလည်းကောင်းလက်ခံရယူခဲ့ကြသည်။        

ထို့နောက် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်အဖွဲ့အဖွဲ့ဝင် ဦးမျိုးသူရက ကျောင်းအကျိုးတော်ဆောင်အဖွဲ့သို့ အလှူငွေကျပ် ၅၃၆၉၀၀၀ ပေးအပ်လှူဒါန်းရာ ကျောင်းအကျိုးတော် ဆောင်အဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဥပဒေချုပ် ဦးဌေးအောင်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး အထောက်အကူဖြစ်စေရန် အတွက် ဗလာစာအုပ် ၃၄၃ ဒါဇင်ကို အားကစားနှင့်ပညာရေးပေါင်းစပ် အထက်တန်းကျောင်းသို့ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်းစဉ်